Am I the only one?
လူတိုင်းက အဆင်ပြေနေတာမဟုတ်ဘူး ဆိုတဲ့စကားကို ခဏခဏကြားနေရတာ ၂၀၂၁ ခုနှစ် ၂ လပိုင်း နောက်ပိုင်းလို့ ထင်တာပါပဲ။ အဲဒီ ၂ လပိုင်းနောက်ပိုင်းမှာမှ ကျယ်ကျယ်လောင်လောင် ကြားလာရတာ။ ကိုယ်ပဲ အဆင်မပြေဖြစ်နေတာတွေ ပိုပြီး သိသာလာလို့ ထင်ပါရဲ့။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ မှာ စခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ငန်းလေးဟာ တကယ်ကို ကိုယ်ပိုင်လုပ်ငန်းလေးအနေနဲ့ စင်ကြယ်စွာပဲ စတင်ခဲ့တာပါ။ အဲဒီအလုပ်ကို စခဲ့တာ မြန်မာငွေ ၅ သိန်းကျော်နဲ့ စခဲ့တယ်။ ကိုယ် သိထား တတ်ထားတဲ့ branding ပညာရပ် တချို့ကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာ နှစ်တွေကြာခဲ့ပြီ။ ဒီအလုပ်ကလေး လုပ်ရင်း ကိုယ့်လိုလုပ်ငန်းငယ်လေးတွေကိုလည်း အကျိုးပြုချင်တယ်။